Myanmar Gospel Songs Lyrics မှ ကြိုဆိုနှုတ်ခွန်းဆက်သအပ်ပါတယ်။
ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို သံစဉ်စာသားများအားဖြင့် ရေးစပ်သီကုံးကြသော တေးရေးဆရာများ၊ ချီးမွမ်းသီဆိုကြသော တေးဆိုများအားလုံး နှင့် ဓမ္မသီချင်းကို နားဆင်ရင်း ဝိညာဉ်ခွန်အားယူကြသောသူ အယောက်စီတိုင်းအပေါ် ဘုရားသခင်ကောင်းချီးသက်ရောက်ပါစေ။
ဤ Website တွင် တင်ထားသောသီချင်းများနှင့်ပတ်သက်၍ မူပိုင်ခွင့်ရှိသူများအား လက်လှမ်းမီသလောက် အတတ်နိုင်ဆုံး ကြိုးစားပြီး အကြောင်းကြားကာ ခွင့်ပြုချက်တောင်းထားပါတယ်။ သို့သော် ခက်ခဲမှုအမျိုးမျိုးကြောင့် သီချင်းရေးစပ်သောတေးရေးဆရာများ၊ မူပိုင်ခွင့်ရှိသူများနှင့် သီချင်းနှင့်ပတ်သက်သောသူများထံ ကြိုတင်အကြောင်းမကြားနိုင်ခြင်းလည်း ရှိသောကြောင့် နားလည်ပေးပါရန် ခရစ်တော်နာမ၌ အနူးအညွတ်တောင်းပန်ပါတယ်။
ဤ Myanmar Gospel Songs Lyrics မွေးဖွားလာသည့်အကြောင်းကို ဝေငှချင်ပါတယ်။ ခရစ်ယာန်ဓမ္မသီချင်းနှင့်ပတ်သက်ပြီး MP3 နှင့် Video များ တင်ထားသော Website နှင့် Youtube Channels များစွာရှိကြောင်း တွေ့ရပါတယ်။ သို့သော် သီချင်းစာသား (Song Lyrics) အတွက် သိပ်မရှိသေးသောကြောင့် ပြည်တွင်းပြည်ပတွင် ရှိကြသော ဓမ္မမိတ်ဆွေအားလုံး ဓမ္မသီချင်းနားထောင်ရင်း စာသားပါ လွယ်ကူစွာ ရရှိနိုင်ရန်အတွက် Website ကို ကျေးဇူးတော်ကြောင့် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လတွင် ZAWGYI font ဖြင့် တွင် တင်ခဲ့ပါသည်။ ယခုအခါ UNICODE ဖြင့် တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလတွင် ဆက်ပြီး Upgrade လုပ်ခဲ့ပါတယ်။
ဤ Website အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားလျက် အယောက်တိုင်း ကောင်းချီးမင်္ဂလာခံစားနိုင်ကြပါစေဟု ဆုတောင်းရင်း...
ခရစ်တော်၌
Admin
Myanmar Gospel Songs Lyrics